ထိန်ချူန်းဒေသရိုးရာလက်မှုပညာ

စာရေးသူ:ကျွန်ုပ်တို့ဝက်ဆိုက်မှ မူပိုင်ဖန်တီးထား လာရောက်ဖတ်ရှုသောအကြိမ်ရေ:  ဝေဖန:()
အုပ် ထိန်ချူန်းဒေသရိုးရာလက်မှုပညာ

ယုံရန် ဆီစက္ကူထီး

            ထိန်ချူန်းယုံရန်ရွာ၏ ထီးလုပ်ငန်းသည် သမိုင်းနှစ်ပေါင်း ၂၀၀ကျော်ရှိခဲ့ပြီ။ မျိုးဆက်၉ဆက် လက်ဆင့်ကမ်းခဲ့ပြီ။ “ကြီချိန်းကြည်” ဟုလည်းခေါ်သည်။ ရှေးအခါက ထိန်ချူန်းမြို့နယ်အစိုးရတွင် မြို့စားလက်ထောက်လုပ်နေသော ကျိန့်ရီကုန်း က အားလပ်ချိန် လျှောက်လည်ပတ်ရာ အနောက်ဈေးတွင် ကျန်းမျိုးနွယ်နှင့် ကျိုးမျိုးနွယ်မှ စက္ကူထီးလုပ်တတ်သောဆရာ နှစ်ယောက်နှင့် သိကျွမ်းခဲ့သည်။ သူတို့နှင့်ပညာသင်ယူကာ ဇာတိမြေသို့ပြန်လာခဲ့ပြီး မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာကြသည်။ ထိုဒေသမှထုတ်သော ဆီစက္ကူထီးသည် ယူနန်အနောက်ဘက်ဒေသတစ်ခုလုံးကို  ဖြန့်သည်။ ထိုဒေသတွင် ခတ်ကြား လူမျိုးများနေထိုင်ကြပြီး ဆီစက္ကူထီးကို အနှစ်သက်ဆုံးဖြစ်သည်။ ရွာသူကြီး ကျိန့်ချွမ်ကော်က ၎င်းတို့ရွာတွင် အယင်က ၈၀%သောရွာသားများက စက္ကူထီးနှင့် အခြားယက်လုပ်ခြင်းလုပ်ငန်းကို လုပ်တတ်ကြသည့်အပြင် မျိုးရိုးစဉ်ဆက်မှ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်။ လက်ရှိရွာထဲတွင် စက္ကူထီးလုပ်ငန်းလုပ်ကိုင်သူ လေးအိမ်ထောင် လုပ်တတ်သောသူ ငါးယောက်သာကျန်တော့သည်။ ထိုထဲမှ သုံးဦးမှာ သက်ရွယ်အိုမင်းနေပြီ။ လက်ရှိတွင် ကျိန့်ကြားချောင် တစ်မိသားစု က လက်မှုပညာအကောင်းဆုံးဖြစ်သည်။ ဆေးသုံးစွဲမှု အလေးထားပြီး သုတ်ဆေးထဲမှ သဘာဝ ထုံ ဆီနှင့် သစ်အယ်သီးအရည်ကို ရှေးနည်းဖြင့် ဖျော်စပ်ရသည်။ ဖြစ်ပေါ်လာသော ကုန်ချောပစ္စည်းမှာ ခိုင်ခံ့ပြီးလှပသည်။ တနေ့ကို တစ်လက်နှစ်လက်သာ လုပ်နိုင်သည်။ ထုတ်လုပ်သောဆီစက္ကူထီးမှာ ယူနန်ပြည်နယ်တိုင်းရင်းသားအရပ်အနုပညာရှင် တတိယအဆင့်ဆုကို ရရှိခဲ့သည်။ ထို့ပြင် ကျိန့်ရင့်လုပ် ပြုလုပ်သောစက္ကူထီးကြီးမှာ အရင်က ဆိုင်ရှင်များက ဆိုင်များတွင် စက္ကူထီးကြီးကို ထားသည့်အကျင့်ရှိပြီး နေပူမိုးရွာခြင်းကို ကာကွယ်ပေးပြီး ဧည့်သည်များကိုလည်း ဆွဲဆောင်နိုင်သောကြောင့် “ဆိုင်စောင့်ထီး”ဟု အမည်တွင်သည်။ ယခုအခါ သူတို့သည် တောင်ယာအလုပ်အားမှ ထီးလုပ်ကြသည်။

          စက္ကူထီးကို ရင်ဟွာ၊ ကူးယုံ စသောဒေသများမှ ထွက်သော အမွှေးမျှင်ဝါးနှင့် ထိုဒေသမှ ထွက်သောသစ်တို့ဖြင့် ထီးရိုးထီးကိုင်းလုပ်သည်။ ထီးပြင်ကိုမူ ကျဲ့ထို မှ ဝယ်လာသော ကုတ်ဖီ စက္ကူကို ဘကျီဆီ သို့မဟုတ် ထုံ ဆီတို့ကို သုတ်လိမ်းသည်။ “အကျစိမ်း”ဟုခေါ်ဆိုသည်။ ထုတ်လုပ်မှုအစဉ်အလိုက်မှာ ထီးရိုးထွင်ခြင်း၊ ကြိုးပတ်ခြင်း၊ စက္ကူကပ်ခြင်း၊ သစ်အယ်အရည်သုတ်ခြင်း၊ ထီးသိမ်းခြင်း၊ ထီးလှမ်းခြင်း၊ ပန်းချီပုံဆွဲခြင်း၊ ထီးရိုးတပ်ဆင်ခြင်း၊ ထုံ ဆီသုတ်ခြင်း၊ ပိတ်စရိုက်ခြင်း၊ ထီးလက်ကိုင်ချည်ခြင်း၊ အတွင်းချည်ပတ်ခြင်း စသည်တို့ဖြစ်သည်။ ထီးတစ်လက်လုပ်လျှင် ပျှမ်းမျှအချိန်နေ့တဝက်ကုန်သည်။

အနုပညာဆရာကြီး လျှိုယုံကျိုး၏ သားရေအရိပ်

          လျှိုယုံကျိုး ဇာတ်သဘင်အမည် ဝိန်ဖုန်းရှန်းယိမ်၊ အမျိုးသား၊ ဟန့်လူမျိုး၊ ၁၉၄၄ခုနှစ် ဒီဇင်ဘာလဖွား၊ လက်ရှိ အသက် ၆၁နှစ်၊ ထိန်ချူန်းခရိုင် ကုတုန်းရွာရွင့်လိလျှိုကြားကျိုက် နှစ်ယောက်တွဲအဖွဲ့၊ နာမည်ကြီးအရပ်အနုပညာဆရာကြီးဖြစ်သည်။

          လျှိုယုံကျိုး၏ ဘေးတော်လက်ထက်မှစ၍ လျှိုမျိုးနွယ်သည် သားရေအရိပ်ထုတ်လုပ်ခြင်းနှင့် တင်ဆက်ပြသခြင်းတို့ကို လုပ်ကိုင်ခဲ့သည်မှာ မျိုးဆက်၎ဆက်ပင် ရှိနေပြီ။ သားရေအရိပ်ဇာတ်မျိုးရိုး စစ်စစ်ဖြစ်သည်။ ၁၈၇၅ခုနှစ်ကတည်းက ၎င်း၏ ဘေးတော်လျှိုသိန်းအံ့ နှင့်လျှိုတင့်စန်း၏ ဘေးတော် လျှိုကျင်းတုတ်တို့သည် ထိုခေတ်က ထူးချွန်ဆုံးသားရေအရိပ်ဇာတ်ဆရာ ကျန်းလောင်ခေါ့ နှင့် လီးလောင်ပိုင်း တို့ကို ဆရာတင်ပြီး သားရေအရိပ်ထုတ်လုပ်ခြင်းနှင့် သားရေအရိပ်ဇာတ်တင်ဆက်ပြသခြင်း ပညာကိုစည်းပူးခဲ့ပြီး လျှိုမျိုးနွယ်ဇာတ်အဖွဲ့ကို တည်ထောင်ခဲ့သည်။ ထို့နောက် မိသားစုနှစ်ခု၏ မျိုးဆက်၃ဆက် ကြိုးစားမှုဖြင့် တဖြည်းဖြည်းသစ်ဆန်းအောင် ပြုပြင်ပြောင်းလဲ၍ ပြည့်စုံစေသည်။ ထုတ်လုပ်မှုနှင့် တင်ဆက်ပြသမှုပညာ တဖြည်းဖြည်းရင့်ကျက်လာသည်။ လျှိုယုံကျိုး၏ဖခင် လျှိုတင့်ကျုံးလက်ထက်သို့ ရောက်လာသောအခါ လျှိုကြားကျိုက်သားရေအရိပ်ဇာတ်မှာ အလွန်မြင့်သော အနုပညာအဆင့်သို့ ရောက်ရှိခဲ့ပြီး ထိန်ချူန်းသားရေအရိပ်ဇာတ်၏ အတောက်ပဆုံးကာလသို့ရောက်ရှိခဲ့သည်။ ယူနန်အနောက်ဘက်ရှိ မြို့နယ်အများအပြားသို့ သွားရောက်တင်ဆက်ပြသခဲ့ပြီး ပရိတ်သတ်များ၏ ကြိုဆိုမြတ်နိုးမှုကို ခံခဲ့ရသည်။ တင်ဆက်ပြသသောပညာပိုင်းတွင် သီဆိုမှုလေယူလေသိမ်းကို ပေါ်လွင်စေသော ဒေသထူးခြားချက်မှာ ထိုဒေသ၏ ပေါများလှသော တိုင်းရင်းသားအရပ်တေးသီချင်းများကို စုပ်ယူပြင်ဆင်အသုံးပြုသည်။ ဤနည်းဖြင့် အသံမြင့်ပြီးရှည်သော၊ ပြင်းထန်သော“စီးချန်း” အနုပညာဟန်ပန်ဖြစ်လာသည်။ ဇာတ်ကောင်များ အပြန်အလှန်ပြောသောစကားမှာလည်း ဒေသအရပ်စကား၊ ဗန်းစကားများကို ထည့်သွင်းထားသောကြောင့် ရယ်မောရွင်မြူးဖွယ်ဖြစ်နေသည်။

          သားရေအရိပ်ဇာတ်၏ ခေါက်ကျီ ကို ထုတ်လုပ်ရာတွင်လည်း လျှိုယုံကျိုးသည် ရှေးလူတို့၏ရိုးရာကို ဆက်ခံပြီး အသစ်အဆန်းကိုလည်း တီထွင်ဖန်တီးရဲသောကြောင့် ခေါက်ကျီ ၏ရုပ်ပုံတည်ဆောက်ပုံနှင့် ဆေးရောင်များကို ပိုမိုပြီးပြည့်စုံစေသည်။ ရုပ်ပုံများကို ထွင်းထုတ်ရာတွင် ပိုမိုဂရုစိုက်ပြီး လိုင်းကြောင်းပိုမိုအသေးစိတ်လာသည်။ တကိုယ်လုံးအသွင်အပြင်ပိုမိုခမ်းနားပြီးသေသပ်မှုရှိလာသည်။ နှစ်ပေါင်းများစွာစုစည်းလာရာမှ လျှိုကြားကျိုက်၏ခေါင်းပိုင်းခေါက်ကျီ စုစုပေါင်း၈၀၀ကျော်၊ ကိုယ်လုံးခေါက်ကျီ ၂၀၀ကျော်ရှိပြီ။ တင်ဆက်ပြသရာတွင် လိုအပ်သလို မတူညီသောခေါင်းပိုင်းနှင့် ကိုယ်လုံးကို တွဲပြီး ခေါက်ကျီအသစ်တစ်ခုဖြစ်လာသည်။ မတူညီသောဇာတ်လမ်းတင်ဆက်ပြသမှု၏  လိုအပ်ချက်အလိုက်ကိုယ်လုံးခေါက်ကျီတစ်ခုကို ခေါင်းပိုင်းခေါက်ကျီအများကြီးနှင့် တွဲပြီး ပုံစံအသစ်အချို့ လုပ်နိုင်သည်။ စစ်ဗိုလ်၏တဲ၊ စားပွဲထိုင်ခုံ၊ နန်းတော်၊ နန်းဆောင်များ၊ မြင်းလှည်း၊ လူစီးထမ်းစင်၊  သင်္ဘော၊ လက်နက်၊ မြင်း၊ ဘုရားကျောင်း၊ ဘုံကျောင်း၊ တိရိစာန်၊ ပန်းမန်၊ မိုးကောင်းကင်၊ မြေပြင်၊ ရေပြင်တွင်ရှိသော အရာဝတ္ထုအားလုံးရှိသည်။ ဤခေါက်ကျီများကို လှပစွာပုံဖော်ထားသည်။ အစစ်နှင့်တူပြီး တစ်ယောက်နှင့်တစ်ယောက် ရုပ်ချင်းကွဲပြားသည်။ ပစ္စည်းတစ်ခုနှင့်တစ်ခုလည်းပုံစံမတူညီ။ ပုံဖော်သူ၏အတွေးက တမူးထူးခြားနေသည်။ ပုံစံ ပိုကဲပြီး ချစ်စရာကောင်းနေသည်။ အနုပညာအလှတရားခံစားမှုတန်ဖိုးနှင့် စုဆောင်းသိမ်းဆည်းရန် တန်ဖိုးရှိသည်။ ပြည်တွင်းပြည်ပမှ စုဆောင်းသိမ်းဆည်းသူတို့၏ သတိပြုမှုကို ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းကို ခေါက်ကျီလုပ်ပေးရန် လာရောက်တောင်းဆိုသူမစဲ ဖြစ်နေသည်။

 ကိမ်ယက်လုပ်ခြင်း

 

          ထိန်ချူန်းနှင့်မြန်မာပြည် ဆက်နေသောနယ်စပ်တဝိုက် မူလသစ်တောဟောင်းများတွင် အသားကျစ်လျစ်ပြီး ကိုယ်ထည်အလွန်ရှည်သော နွယ်ပင်မျိုးဝင် ——ကြိမ်လုံး ပေါများစွာထွက်ရှိသည်။ ၎င်း၏အခွံ အရောင်တောက်ပပြီး ကိုင်လိုက်လျှင်လုံးချောနေသည်။ ကန်အားအလွန်ကောင်းသည်။ နှီးနှင့်တူပြီးနှီးမဟုတ်။ ထို့ကြောင့် ကြိမ်နှီးဟုခေါ်သည်။ အလွန်ကောင်းသော ယက်လုပ်ရန် သဘာဝကုန်ကြမ်းတစ်မျိုးဖြစ်သည်။ ထိန်ချူန်းလူများက ၎င်းဖြင့် ကြိမ်ထိုင်ခုံ၊ကြိမ်သေတ္တာ စသောနေ့စဉ်သုံးပစ္စည်းများကို ယက်လုပ်သည်။ လက်မှုပညာအဏုစိတ်ပြီး အမျိုးအစားများသည်။ ကြာရှည်စွာ အသုံးခံသည်။ ရှေးကတည်းက သုံးစွဲသူတို့၏ နှစ်သက်မှုကို ရရှိခဲ့သည်။

          ရှေးစာအုပ်များကိုလေ့လာကြည့်လျှင် ကြိမ်ယက်လုပ်ခြင်းဟူသော ဒေသထူးခြားချက်သည် အလွန်ကောင်းမွန်သော လူနေမှုဘဝအသုံးအဆောင်ပစ္စည်းသာမက ထူးဆန်းသောထုတ်လုပ်မှုမျိုးလည်းလုပ်နိုင်သည်။ စစ်တိုက်ရာတွင် လက်နက်အဖြစ် အသုံးပြုနိုင်သည်။ စန်းကော်ကျိတွင် ကြိမ်သံချပ်ကာတပ်” နှင့်ပတ်သက်သောမှတ်တမ်းရှိသည်။ ကြိမ်သံချပ်ကာ” ဆိုသည်မှာ ကြိမ်လုံးဖြင့်ယက်လုပ်ထားသော စစ်ဝတ်စုံဖြစ်သည်။ မြစ်ကို ဖြတ်လျှင် နစ်မသွား၊ ရေထိလျှင် မစို၊ ဓား မြားခုတ်ပစ်မဝင်နိုင်။” ရှေးအခါက နယ်စပ်တွင်မင်ကွမ်း၊ ကျဲ့ထို၊ ကူးယုံ တဝိုက်ရှိ လမ်းအများစု မြစ်ချောင်းများနှင့်တွေ့လျှင် ရှေးခေတ်ကြိမ်တံတားကို အသုံးပြုကြသည်။ ကြိမ်လုံးဖြင့် ယက်လုပ်ထားသောတံတား၏ ပုံစံမှာ ဆန်ခါ လျှောက်လမ်းနှင့်တူသည်။ မိုးလေဒဏ်ကို ကြာရှည်စွာခံနိုင်သည်။ လူကအပေါ်မှာလမ်းလျှောက်သွားလျှင် ယိုင်တိယိုင်တိုင်၊ လူစီးထမ်းစင်ကို စီးရသကဲ့သို့ဖြစ်နေသည်။ ကြိမ်လုံးကို ထိန်ချူန်းတွင် အများအပြားသုံးစွဲသောကြောင့် ရှေးခေတ်ထိန်ချူန်း၏ ဒေသအမည်တွင် ထိန်ရက်”၊ ထိန်ချွမ်း” စသည့်အမည်များကို တွေ့ရသည်။ ကြိမ်လုံးအများအပြားထွက်ရှိခြင်းကြောင့်” အမည်တွင်ခဲ့သော မှတ်တမ်းလည်းရှိသည်။ ထိမ်” ဟူသောစကားလုံးကို မင် ခေတ်နှောင်း၊ ချင်း ခေတ်ဦးပိုင်းရောက်မှသာ အနည်းငယ်မဟာဆန်အောင် ထိန်” အဖြစ်သတ်မှတ်ခဲ့သည်။

          သဘာဝတရားကြီးက ပေးသောအရင်းအမြစ်နှင့် မျိုးရိုးစဉ်ဆက် ကြိုးစားမှု၊ ထူးချွန်ပြီးလက်ရာမြောက်သော လက်မှုပညာရှင်များကြောင့် ထိန်ချူန်းသည် ဟိုရှေးကတည်းကကြိမ်ယက်ကန်းဇာတိ” အဖြစ် နာမည်ကြီးခဲ့သည်။ ယခုအခါ ကြိမ်ယက်လုပ်ခြင်း လက်မှုပညာသည် မြို့နယ်ကျေးရွာများသို့ ပြန့်နှံ့နေပြီ။ ထုတ်လုပ်သောကိရိယာများမှာ ရိုးရာ ထိုင်ခုံ၊ စားပွဲပု၊ စားပွဲမြင့်စသည့်အထည်ကြီးသော ကုန်ပစ္စည်းများအပြင် တောင်း၊ ခြင်း၊ ဗူး၊ သေတ္တာနှင့် ပန်းစင်၊ စာအုပ်စင်အပြင် ဧည့်ခန်း၊စာဖတ်ခန်းအတွက် ပရိဘောဂအစုံလိုက်စသည်တို့ဖြစ်သည်။ တောက်ပကြော့ရှင်းပြီး ရှေးမဟာဆန်သော်လည်း ခေတ်မီသည်။ လက်တွေ့အသုံးဝင်ပြီး အနုပညာလက်ရာမြောက်သည်။ မတူညီသော ပတ်ဝန်းကျင်နှင့်လိုက်ဖက်နိုင်သည်။——ဆင်းရဲသောဧည့်ခန်းတွင် ထားပါက ခမ်းနားသည်ဟုမထင်ရသော်လည်း ခမ်းနားသောအခန်းတွင် ထားလျှင်လည်း ချို့တဲ့သည်ဟု မထင်ရပါ။ ဆင်းရဲချမ်းသာမရွေး အဆင့်နိမ့်မြင့်မရွေး လိုက်ဖက်နိုင်သည်။ ထို့ကြောင့် သမိုင်းတလျှောက် ကုန်ပစ္စည်းရောင်းကောင်းသည်။

အပေါ်သို့ပို့

အောက်ချနင်း

အွန်လိုင်းမိတ်ဆွေ၏ဝေဖန်စာ

ဝေဖန်စာ၏စာသား:
【အွန်လိုင်းမိတ်ဆွေများ၏ ဝေဖန်မှုသည် ၎င်း၏ကိုယ်ပိုင်အမြင်ကို ဖော်ပြခြင်းသာဖြစ်သည်။ကျွန်ုပ် တို့ဝက်ဆိုက်မှ ၎င်း၏အမြင်ကိုသဘောတူခြင်း၊ ၎င်းပြောဆိုသည်များကို သက်သေလုပ်ပေးနေခြင်း မဟုတ်ပါ။】