ထိန်ချူန်းအစားအစာနှင့် စားသောက်ယဉ်ကျေးမှု

စာရေးသူ:ကျွန်ုပ်တို့ဝက်ဆိုက်မှ မူပိုင်ဖန်တီးထား လာရောက်ဖတ်ရှုသောအကြိမ်ရေ:  ဝေဖန:()
အုပ် ထိန်ချူန်းအစားအစာနှင့် စားသောက်ယဉ်ကျေးမှု

          ထိန်ချူန်းအစားအစာတွင် ဆန်ခေါက်ဆွဲနှင့်ဆန်ခေါပုတ်သာလျှင် ဗိုလ်စွဲမည်။ ၎င်း၏စားသုံးနည်း အလွန်များသည်။ အတုံးလိုက်ဖြတ်ပြီး အသား၊ ကြက်ဥ၊ ပဲလိပ်ပြာရွက်၊ ခရမ်းချဉ်သီးတို့နှင့် ကြော်စားနိုင်သည်။ တာ့ကျို့ကြ”ဟု ခေါ်သည်။ စွမ်ထန် အချဉ်ဟင်းရည်နှင့် စားလိုက်ရယင် အရသာအလွန်ကောင်းသည်။ ချက်စားလျှင် ဟင်းရည် ဦးထုပ်” မတူညီသောကြောင့် အရသာကွဲသည်။ အချဉ်ဟင်းရည်ဆန်ခေါက်ဆွဲသည် ၎င်း၏ ချဉ်စပ်အရသာကြောင့်နာမည်ကြီးသည်။ ဆန်းရှန်းဆန်ခေါက်ဆွဲ၊ ကြက်သားဆန်ခေါက်ဆွဲ၊ အသားပြုပ်ဆန်ခေါက်ဆွဲ၊ အသားကင်ဆန်ခေါက်ဆွဲ၊ အဆီဖတ်ဆန်ခေါက်ဆွဲတို့သည် အရိုးဟင်းရည်ကြည်လင်မှုကို အလေးထားပြီး လတ်ဆတ်၊ မွှေး၊ ချို သောအရသာရှိသည်။ မုန်ညင်းချဉ်အစပ်၊ ရေမုန်ညင်းချဉ်နှင့် ရောစားမှသာ ထိန်ချူန်းအရသာစစ်စစ်ဖြစ်သည်။ အမဲသားဆန်ခေါက်ဆွဲသည် စပ်ခြင်းကျင်ခြင်း(မာလာ)ကြောင့် နာမည်ကြီးသည်။ တိုဖူးနွေးဆန်ခေါက်ဆွဲသည် အာခေါင်တွင်ချောမွေ့ပြီး လူကြီးလူငယ်မရွေး သင့်တော်သည်။

 

          ထို့ပြင် ထိန်ချူန်းအစားအစာထဲက နောက်လက်ရွေးစင်တစ်ခုကတော့——မြေအိုးဟော့ပေါ့ ဖြစ်သည်။ ပြည်နယ်တစ်ခုလုံးတွင် နာမည်ကြီးရုံသာမက အရှေ့တောင်အာရှနိုင်ငံများတွင်လည်း သမိုင်းကြောင်း ရာစုနှစ်အချို့ ရှိခဲ့ပြီ။ ၎င်းသည် သာမန်ဟော့ပေါ့နှင့် မတူပါ။ သာမန် ဟော့ပေါ့အိုးသည် သတ္တုဖြင့်ပြုလုပ်ထားသည်။ မြေအိုးဟော့ပေါ့ကိုမူ ထိန်ချူန်းဒေသ၏  ရွံ့တစ်မျိုးဖြင့် ပုတ်” ထားသည်။ ပိုပြီးကွဲပြားတာကတော့ မြေအိုးဟော့ပေါ့ချက်နည်း ထူးခြားသည်။ ကြက်သားနှင့် ဝက်နံရိုးတို့ဖြင့် ပြုပ်ထားသော ဟင်းရည်ကို အသုံးပြုသည်။ အောက်ခံဟင်းမျိုး စုံလင်ပြီး လိုက်ဖက်စွာတွဲထားသည်။ မုန်ညင်းသည် အဓိကဟင်းရွက်ဖြစ်ပြီး ဘိန်းဥ၊ ကစွန်းဥ၊ မုန်လာဥ၊ ခါကျက်ဥ၊ တိုဖူးနံကြော်၊ မျှစ်ဝါ၊ ဟွမ်ထယောင်၊ ဝက်သားကြော်၊ ဝက်ခေါက် စသည်ဖြင့် ဟင်းသီးဟင်းရွက်နှင့်အသား ၁၀မျိုးကျော်ပါဝင်သည်။ အောက်ခံဟင်းကို ထည့်ရာတွင်လည်း အစဉ်အလိုက်ရှိသည်။ မြေအိုးပုံစံလှပပြီး မူလအရသာကို ထိန်သိမ်းနိုင်သည်။ အဟာရပြည့်စုံသည်။ ကျူးဖူးကြော်သည်လည်း ထိန်ချူန်းဧည့်ခံပွဲတွင် နာမည်ကြီးဟင်းသည်။ ဓားဖြတ်သောပညာ၊ မီးအား၊ ကုန်ကြမ်းရွေးချယ်မှုတို့ကို အလေးထားပြီး အရောင်အစင်း၊ အနံ့၊ အရသာတို့နှင့် ပြည့်စုံခြင်းကို ဂရုပြုသည်။ ကျူးဖူးပဲပြားဟင်းရည်ကို “ငါးဟင်းရည်အတု”ဟုခေါ်သည်။ ၎င်း၏အရသာသည် ငါးချဉ်ရည်ဟင်းနှင့် ယှဉ်ပြိုင်နိုင်သောကြောင့်ဖြစ်သည်။ နှစ်သစ်ကူးပွဲတော်တွင် ထိန်ချူန်းဧည့်ခံပွဲတွင် များသောအားဖြင့် ဤဟင်းရည်မျိုးမပါမပြီးပါ။ “ဟင်းရည်ကြည်” ဟုလည်းခေါ်သည်။ အရသာမှာ ချိုမြိန်ပြီးအနည်းငယ်ခါးသည်။ ခါးပြီးလျှင် ပြန်ချိုသည်။ ကျူးဖူးသုတ်သည် တီထွင်ဆန်းသစ်သည်။ ယခုနှစ်ပိုင်းမှ စတင်သော စားနည်းအသစ်ဖြစ်သည်။ အရသာမှာ ချဉ်စပ်ပြီး အနည်းငယ်မွှေးသည်။ စွဲကျန်ခဲ့သော အရသာများသည်။

 

          ထိန်ချူန်းမှငါးထဲတွင် မြစ်ထဲကငါးသည် နာမည်ကြီးဆုံးဖြစ်သည်။ လုံချန်းမြစ်လိုက်ပီငါး၊ ပင်းလန်မြစ်ထဲက သစ်ပင်ပေါ်တက်ငါး၊ တာ့ရင်မြစ်ထဲက ရှောင်ဟွား၊ မင်ကွမ်းချောင်းထဲကငါးဖြူ…..တို့သည် ငါးထဲလက်ရွေးစင်ဖြစ်သည်။ ထိန်ချူန်း၏ စံဖြစ်ဆုံးငါးချက်စားနည်းမှာ မြစ်ရေဖြင့် ငါးအရှင်ကို ချက်ခြင်းဖြစ်သည်။ မြစ်ရေကို နှစ်ခွက်ခတ်၊ မြစ်ဘေးက ဟင်းရွက်တဆုပ်ခူး၊ မျှစ်ချဉ်၊ နံနန်ပင်၊ စပါးလင်၊ ငရုတ်သီးအခြောက်ထည့်ချက်လိုက်လျှင် အရသာမှာ အနှိုင်းမဲ့အောင် ကောင်းသည်။ ကျူးဖူးမြစ်ငါးချက်သည် နာမည်ကြီးဟင်းကို နာမည်ကြီးငါးနှင့်တွဲခြင်းဖြစ်သည်။ နာမည်ကြီးပြီး အရသာပိုကောင်းသည်။ ထို့ပြင် ကြည့် ငါးကို ကြက်သွန်မိတ်၊ ချင်းနှင့်ချက်၊ မုန်လာဥမျှင်ကို ဖောက်ထုံငါးနှင့်ချက်၊ ကုလားနံနန်ပင်ကို စလားဗီးယားငါးနှင့်ချက်၊ ရှောင်ဟွားငါးကို မီးနဲ့ပေါင်း၊ ငါးသေးလေးကြော်၊ ပုဇွန်သေးလေးကြော်တို့သည် ထိန်ချူန်းအရသာတော်တော်ရှိသည်။ ရေစိမ်ငါးသည် ဟိုဟွားလူတွေရဲ့ အတုမရှိလက်ရာဖြစ်သည်။ ရေသန့်ကို အိုးထဲထည့်ပြီး ဆားခတ်ပါ။ ကြည့် ငါးကိုခွဲခြမ်းဆေးကြောပြီး ငါးဗိုက်ထဲတွင် ငုပ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ဆမုံစပါးအစေ့၊ ဆားတို့ကို ထည့်ပြီး ရေထဲစိမ်ပါ။(အရက်မထည့်ရ) လအနည်းငယ်ထားပြီးလျှင် ငါးမပျက်သေးပါ။ ပေါင်းစားပါက အနံမွှေးပြီး ငါးသားနုနေသည်။ ကြော်စားပါက အခွံကြွပ်ပြီး အနံ့မွှေး အသားကျစ်သည်။

 

          ထိန်ချူန်း၏အသားဟင်းမှာလည်း ထူးခြားမှုရှိသည်။ ဝက်ခေါင်းပါးပါးသုတ်သည် ယူနန်အနောက်ဘက် နာမည်ကြီးဟင်းဖြစ်နေပြီ။ မီးအားအရေးကြီးပြီး ဓားပညာတော်ရမည်။ အထူးချက်လုပ်ထားသော ဝက်ခေါင်းသားကို ပုစဉ်းရင်ကွဲ၏အတောင်ပံလောက် ပါးအောင်ဖြတ်ပြီး ငံ၊ ချဉ်၊ စပ်၊ ထုံ၊ မွှေးစသောအရသာတို့ဖြင့် ဖျော်စပ်ထားသည်။ အသားကြွပ်နုပြီး၊ဝါးရတာကောင်းသည်။ အရသာကို ပြန်ပြန်ပြီးသတိရနေမည်။ နောက်ထပ် ဝက်ခေါင်း၊ ခြေထောက်၊ အစာအိမ်၊ အူတို့ကို အဆာပလာထည့်ပြီးချက်ထားသော ရှောင်းလှ သည် အရောင်တောက်ပပြီး အခွံကြွပ်သည်။ အသားမှာ ဆီသော်လည်းမအီပါ။ အရသာချိုမြိန်ပြီး ပြစ်သည်။ ဆန်ခေါပုတ်၊ ဆန်ခေါက်ဆွဲတို့နှင့်ရောစားလျှင် အရသာအလွန်ကောင်းပြီး ထူးခြားသည်။ ထို့ပြင် ဝက်သားသိပ်၊ ကန်းမာအသား၊ အသားကြော်၊ အသားခြောက်၊ မီးကင်အသားခြောက်၊ ဝက်အူချောင်း၊ ပဲပြားဟင်းရည်….တို့သည် ထူးခြားမှုကိုယ်စီရှိသည်။ ကုချိုင်အမြစ်၊ ချွမ်းရှူံးအမြစ်၊ ဖန်ဖုန်းကွေ့၊ ဆမုံစပါးဝက်သားလုံးတို့သည် အားဖြည့်ပေးသောအစားအစာများဖြစ်သည်။

 

          ထိန်ချူန်း၏ သာမန်အိမ်စားဟင်းများသည်ချဉ်၊ စပ်၊ ခါး၊ ငံ၊ ချို၊ မွှေးအရသာစုံသည်။ ချဉ်စပ်ကို အဓိကထားသည်။ အများဆုံးအသုံးပြုသောအဆာပလာမှာ မျှစ်ချဉ်၊ စွမ်ထန်အခြောက်၊ မုန်ညင်းချဉ်၊ ရေမုန်ညင်းချဉ်၊ ငရုတ်သီးခြောက်၊ ငရုတ်သီးတောင်းနပ်၊ မိုးမျှော်ငရုတ်သီး၊ ကျန်ဆိုင်တို့ဖြစ်ကြသည်။ ရာသီပေါ်ဟင်းအမျိုးမျိုးသည် အရသာပိုင်းတွင် သာသည်။ ခရမ်းချဉ်သီးအဝါကို ခရမ်းသီးစိမ်းနှင့်သုတ်လျှင် မှိုအခြောက်၊ ကြက်သွန်ဖြူ၊ ချင်း၊ နံနန်ပင်တို့ကို ထည့်သုတ်ခြင်းသည်။ ထိန်ချူန်းတွင် နာမည်ကြီးဆုံး အိမ်စားဟင်းဖြစ်သည်။

 

          ထိန်ချူန်းအချဉ်သိပ်ဟင်းမှာလည်း နာမည်ကြီးသည်။ ချီလော်မုန်ညင်းချဉ်၊ တုန့်ဖျင်ရေပဲပုတ်၊ ဟိုရွင့်စွမ်ထန်၊ ဟိုဟွားရေမုန်ညင်းချဉ်….တို့သည်နာမည်ကြီးသည်။ ထို့ပြင်ပဲပုတ်အစပ်၊ ပဲပုတ်ပြား၊ ပဲပြားချပ်၊ ပဲဖတ်ပဲပုတ်၊ ငရုတ်သီးချင်းပြားတိုဖူးယမ်၊ အရွက်တိုဖူးယမ်၊ မုန်လာဥချဉ်တို့၏ အရသာမှာလည်း အများနှင့်မတူ။

 

          ထိန်ချူန်းအစားအစာ အမျိုးအစားစုံလင်ခြင်းမှာ ယူနန်နယ်၊ ခရိုင်တစ်ခုလုံးတွင် ပထမပါပဲ။ တိုဖူးခေါက်ဆွဲ၊ အီကြာကွေးတိုဖူးတို့၏ အဆာပလာမှာ အရေးကြီးသည်။ နှမ်းမွှေး၊မြေပဲမှုန့်၊ နှမ်းဆီ၊ ဟွားကြောင်းဆီ၊ ခြောက်ကော့ဆီ၊ ငရုတ်ဆီ၊ ကြက်သွန်ဆီ၊ ကျူးမြစ်ဆီ၊ ကြာညို့အငံ၊ တိုဖူးယမ်အရည်၊ နံနန်ပင်၊ အဆာပလာများကို အစုံထည့်ပြီး မွှေး၊ ကျင်၊ စပ်၊ ငံ၊ ချို အရသာမျိုးစုံပါဝင်သည်။ ဆန်ခေါပုတ်ခြောက်၊ ပဲခေါပုတ်ခြောက်၊ ခေါပုတ်ခြောက်ကြော်၊ ခေါပုတ်ခြောက်အချိုတို့သည် စီးပြီး မွှေးချိုသည်။ အရသာမတူကြပါ။ ပန်းဝါခေါပုတ်သည် အလွန်မွှေးသည်။ အသားခြောက်ခေါပုတ်၊ ကော်ရကိုးခေါပုတ်၊ အချဉ်ရည်ခေါပုတ် တို့မှာလည်း ပြစ်ပြီးမွှေးချိုသည်။ ထို့ပြင် စားမကုန်နိုင်သော အချဉ်သုပ်များ တိုဖူးသုပ်၊ ဆန်ပြားသုပ်၊ ဆန်တိုဖူးသုပ်၊ ကော်ရကိုးတိုဖူးသုပ်၊ ကော်ရကိုးတိုဖူးအချို၊ ကော်ရကိုးမြီးရှည်၊ ငှက်ပျောပေါင်း…တို့မှာလည်းထူးခြားမှုကိုယ်စီနှင့်။ ထို့ပြင် ထိန်ချူန်းမြောက်ဘက်၏“မာတားကွေ”၊ ထိန်ချူန်းတောင်ဘက်၏ ထမင်းလုံး နှင့် ဟိုရွင့်၏ “ဦးနှောက်”၊ ကောက်ညင်းဆန်ပြုတ်၊ ကဇော်မုန့်လုံးရေပေါ်၊ တိုဖူးနောင်း၊ မုန့်ပေါင်း၊ ကော်ရကိုးမုန့်၊ ဂျုံမုန့်၊ ဆန်မုန့်…..ရေတွက်လို့မကုန်တော့ပါ။

 

 

 

 

 

 

 

အပေါ်သို့ပို့

အောက်ချနင်း

အွန်လိုင်းမိတ်ဆွေ၏ဝေဖန်စာ

ဝေဖန်စာ၏စာသား:
【အွန်လိုင်းမိတ်ဆွေများ၏ ဝေဖန်မှုသည် ၎င်း၏ကိုယ်ပိုင်အမြင်ကို ဖော်ပြခြင်းသာဖြစ်သည်။ကျွန်ုပ် တို့ဝက်ဆိုက်မှ ၎င်း၏အမြင်ကိုသဘောတူခြင်း၊ ၎င်းပြောဆိုသည်များကို သက်သေလုပ်ပေးနေခြင်း မဟုတ်ပါ။】