ထိန်ချူန်းဒေသယဉ်ကျေးမ

စာရေးသူ:ကျွန်ုပ်တို့ဝက်ဆိုက်မှ မူပိုင်ဖန်တီးထား လာရောက်ဖတ်ရှုသောအကြိမ်ရေ:  ဝေဖန:()
အုပ် ထိန်ချူန်းဒေသယဉ်ကျေးမ

           ထိန်ချူန်းသည် သမိုင်းကြောင်းကြာရှည်ခဲ့ပြီ။ စီးဟန့်ခေတ်က တမ်းရက် ဟုခေါ်သည်။ တုန်းဟန့်ခေတ်တွင် ယုံချန်းကျွင့်အစိုးရအောက်တွင် ရှိသည်။ ဆွေထန်ခေတ်တွင် လုံလော့ပြည်နယ်ကို တည်ထောင်ခဲ့သည်။ နန်းစောခေတ်က (ချဲဝိန်) ဟွဖူကို တည်ထောင်ပြီး နောက်တွင် ထိမ်ချုံးခရိုင်ဟု ပြောင်းလဲခဲ့သည်။ ယွမ်ရှန့်ကျုံး ၃နှစ်(၁၂၅၃) တွင် ထိန်ချူန်းနယ်ကို တည်ထောင်ခဲ့သည်။ ထို့နောက် အမည်ကိုအကြိမ်ကြိမ်ပြောင်းခဲ့ပြီး မင်ကော်၂နှစ်(၁၉၁၃)တွင် ထိန်ချူန်းခရိုင် ဟုအမည်ပြောင်းခဲ့သည်။ မင်ကော်၃၁နှစ်(၁၉၄၂) မေလ ထိန်ချူန်းကို ဂျပန်တွေကျူးကျော်သိမ်းပိုက်ခဲ့သည်။ ၁၉၄၄ခုနှစ် စက်တင်ဘာလ ၁၄ရက် တွင် ထိန်ချူန်းလွှတ်လပ်ရေးရခဲ့သည်။

 

          ထိန်ချူန်းသည် ဟန့်လူမျိုးအဓိကနှင့် တိုင်းရင်းသားပေါင်းစုံနေထိုင်သော ခရိုင်ဖြစ်သည်။ ထိန်ချူန်းတိုင်းရင်းသားအားလုံးသည် ရှည်လျားသောဖွံ့ဖြိုးမှုဖြစ်စဉ်တွင် စုံလင်များပြားသော တိုင်းရင်းသားအရပ်ရိုးရာအနုပညာများကို ဖန်တီးခဲ့သည်။ အဓိကအမျိုးအစားမှာ ဟန့်လူမျိုး၏ တုန့်ကျင်းဂီတ၊ ပန်းမီး၊ နတ်မီး၊ ငါးမီး၊ လက်ဖက်မီး၊ ချင်းဇာတ်၊ သားရေအရိပ်ဇာတ်၊ ယမ် စောင်း၊ ထိုင်ကျန်း၊ ငါးဗုံ၊ ခြင်္သေ့က စသည့်အရပ်ယဉ်ကျေးမှုအနုပညာများ၊ဝလူမျိုး၏ ချင်းဇာတ်၊ ရှမ်းလူမျိုး၏ ကကွမ်း၊ ရှမ်းဇာတ်၊ တင်ထအက စသည်တို့၊ လီဆူးလူမျိုး၏ ဓားတောင်ကျော် မီးပင်လယ်ဖြတ် အစွမ်းပညာများပြခြင်းနှင့် က က ခြင်း၊ စန်းရွင်အက ကခြင်း၊ အချန်းလူမျိုး၏ တိန်းအောလော် စသောတိုင်းရင်းသား အနုပညာများနှင့် တောသီချင်း၊ အချစ်သီချင်း၊ ရှောင်တယောင့်၊ ဖြစ်စဉ်ဖော်ပြသောကဗျာများ၊ အရပ်ပုံပြင်၊ဆိုရိုးစကား၊ ဟာသအသုံးအနှုန်း၊ ကလေးသီချင်း၊ တောင်သူပန်းချီ(အရပ်ပန်းချီ) စသောထူးချွန်သောရိုးရာယဉ်ကျေးမှုများရှိသည်။ တမူထူးခြားသောဟန်ပန်နှင့် ဆွဲဆောင်မှုရှိသည်။ ဒေသခံများ၏ ချစ်မြတ်နိုးခြင်းကိုခံရသည်။ တုန့်ကျင်းရှေးဂီတသည် ထိန်ချူန်းတွင်ကြာရှည်စွာတည်ရှိခဲ့သော ရိုးရာရှေးဂီတဖြစ်သည်။ ကျမ်းစာများအဓိပ္ပာယ်နက်နဲပြီး၊ သံစဉ်တည်ငြိမ်သည်။ နားထောင်ကောင်းပြီး မြင့်မြတ်သော၊ လဘ်ကောင်းသောသင်္ကေတဖြစ်သည်။ ထိန်ချူန်းလူမျိုးများက တုန့်ကျင်းကို လေးစားကြသည်။ တုန့်ကျင်းဂီတကို ချစ်မြတ်နိုးသည်။ အရပ်ထဲတွင်ရှိသော အခမ်းအနားများတွင် များသောအားဖြင့် တုန့်ကျင်းပါဝင်သည်။ တုန့်ကျင်းသည် တာ့တုန့်ကျိန်းကျင်း ဖြစ်သည်။ ၎င်း၏နာမည်အပြည့်အစုံမှာထိုက်ရှန့်ရိချင်းဝူကြည်ကျုံကျိန်းဝိန်ချန်းတာ့တုန့်ရှန်းကျင်းဖြစ်သည်။ ဤကျမ်းစာကို လျှံကျင့်ခေတ် တရုတ်တောင်(daò) ဘာသာဝင် “ရှန့်ချင်း” အဖွဲ့မှ ဖန်တီးခဲ့သည်။ နိုင်ငံတော် အချက်အလက်ဂိုဒေါင်ရှိ တုန့်ကျင်းစာအုပ်၎အုပ်ကြီးမှ တစ်အုပ်ဖြစ်သည်။ တုန့်ကျင်းသည် ၎င်း၏နက်နဲဆန်းကြယ်သော ကျမ်းစာအပြင် နောက်ထူးခြားမှုတစ်ခုမှာ ကျမ်းစာနှင့်တွဲထားသော ဂန္တာဝင်တေးဂီတများဖြစ်သည်။ တူရိယာများမှာ တရုတ်တိုင်းရင်းသားတူရိယာ စီးရှန်၊ ကွမ်ရှန်၊ မှုတ်ခြင်း၊ တီးခတ်ခြင်း၊ တို့ဖြင့်တွဲထားသည်။ သံစဉ်မှာ များသောအားဖြင့် ရှေးနန်းတွင်းဂီတနှင့် တောင်(daò) ဘာသာဂီတတို့ကို ပေါင်းစပ်ထားသည်။ သံစဉ်စုစုပေါင်း အပုဒ်၄၀ကျော်ရှိသည်။ တင်ဆက်သောနည်းမှာ ကျမ်းစာကို အဓိကထားပြီး သီချင်းဆို တီးခတ်မှုများနှင့် ပေါင်းစပ်သည်။ ဘာသာရေး အခမ်းအနားအချို့လည်းပါဝင်မည်။ လေးနက်ပြီး မဟာဆန်သည်။ ရှေးကျပြီး ရိုးစင်းသည်။ သမိုင်းတွင် တုန့်ကျင်း ကျယ်ပြန့်စွာပြန့်ပွားခဲ့သည်။ ရှိသမျှရွာအားလုံးနီးပါး တုန့်ကျင်းအဖွဲ့၏ လှုပ်ရှားမှုရှိသည်။  ကွန်မြူနစ်အာဏာရပြီးနောက် ဆန့်ကျင့်ခံရဖူးသည်။ “ယဉ်ကျေးမှုတော်လှန်ရေး” တွင် အဖမ်းခံဒဏ်ပေးခံရသည်။ ပြီးခဲ့တဲ့ရာစု ၈၀ခုနှစ်အစောပိုင်းရောက်မှ ပုံမှန်လှုပ်ရှားမှုရှိလာသည်။ ယခုတွင်ထိန်ရက်၊ တုန့်ရှန်း၊ ကေလော်၊ ဟိုရွင့်၊ ကျဲ့ထို၊ ဝမ်ရောင်း၊ လျှိုကြားကျိုက်စသည်ဖြစ် တုန့်ကျင်းအသင်း ၈သင်းနှင့် ထိန်ချူန်းတုန်းကျင်းဂီတအဖွဲ့တို့ လှုပ်ရှားနေသည်။

 

          သမိုင်းတွင် ထိန်ချူန်းသည် အနောက်တောင်ဘက် “ပိုးထည်လမ်းကြောင်း” ၏ အချက်အခြာဖြစ်သည်။ နာမည်ကြီး “ပေါ်နန် ရှေးလမ်းဟောင်း”သည် ယခုစီချွမ်းချိန်တူးမှ ယူနန်ကူမင်း၊ တာ့လီ၊ ပေါင်ရှန်းကို ဖြတ်၍ ထိန်ချူန်းအဝင်ပေါက်မှ မြန်မာပြည် မြစ်ကြီးနား၊ အိန္ဒိယ ဟွာရှိမြို့(ယခုဘထနမြို့)၊ ပါကစ်စတန်၏ ကြွေရိရှီလော(ယခု လားဝါအာတီ)နှင့် အာဖဂန်နစ်စတန်၏ ပုအာ သို့သွားပြီး ဆိုဗီယက်ပြည်ထောင်စု၏ ထာရှီကန်သို့ သွားသောစည်ကားသော လမ်းကြောင်းတစ်ခုဖြစ်သည်။ ၁၉၄၅ တရုတ်-အိန္ဒိယလမ်းမ(ရှီတီးဝေးလမ်းမ)သည် ဤပိုးထည်လမ်းကြောင်းကို ချဲ့ပြင်ပြီး ဖောက်လုပ်ထားခြင်းဖြစ်သည်။ ကားများသည် အိန္ဒိယ ကာလကတ္တားမြို့သို့ ရောက်နိုင်သည်။ ထို့ကြောင့် ထိန်ချူန်းသည် မြန်မာ၊ အိန္ဒိယ အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများသို့ သွားရောက်သော အရေးကြီးတံခါးပေါက်ဖြစ်လာသည်။

 

          စီးဟန့်ခေတ်မှစ၍ ထိန်ချူန်းသည် ယူနန်၏ စီးပွားရေးသမားများစုစည်းရာ အရေးကြီးစီးပွားရေး တံခါးပေါက်ဖြစ်ခဲ့သည်။ ၁၈၉၀ခုနှစ် ချင်း အစိုးရက မြန်မာနိုင်ငံနှင့်ယူနန်မြန်မာစီးပွားရေးစာချူပ်ချုပ်ဆိုခဲ့သည်။ ၁၈၉၉ခုနှစ် အင်္ဂလန်က ထိန်ချူန်းတွင် သံရုံးဖွင့်လှစ်ခဲ့သည်။ ၁၉၀၂ခုနှစ် ချင်း အစိုးရကထိန်ချူန်းတွင် ထိန်ရက်ကာစတန်ကို တည်ထောင်ခဲ့သည်။ ချင်းခေတ်နောင်းပိုင်းနှင့် မင်ကော်အစောပိုင်းတွင် ထိန်ချူန်းစီးပွားရေးကုန်သွယ်ရေးသည် စည်ကားထွန်းကားသော အချိန်ကာလကို ရောက်ရှိခဲ့သည်။ ကုန်သည်များ ပြည့်နက်နေပြီး ကုန်သွယ်မှုမှာလည်း ဖွံ့ဖြိုးနေသည်။ ထိန်ချူန်းတံခါးပေါက်ကို မှီခိုသောနိုင်ငံတကာကုမ္ပဏီများနှင့် ကုန်းတွင်းနေရာအနှံ့မှ ရုံးခွဲများ အမြောက်အမြားဖြစ်ပေါ်လာသည်။ ဥပမာ ၁၉၃၀ခုနှစ်တွင် သွင်းကုန်ထုတ်ကုန်ပမာဏ စုစုပေါင်းတန်ဖိုး ငွေဖြူလျှံပေါင်း၎သန်း-၆သန်းထိ ရှိခဲ့သည်။ သွင်းကုန်ပစ္စည်းအမျိုးအစား ၂၀၀ကျော်၊ ထုတ်ကုန်ပစ္စည်း ၈၀ကျော်၊ တစ်နှစ်တာ ထုတ်ကုန်ပစ္စည်း မြင်းဝန်စည်ထုပ်ပေါင်း ၈သောင်း-၉သာင်းရှိသည်။ ထိန်ချူန်းသည် ဒေသပေါင်းစုံမှ ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားရာနှင့် ကုန်ကြမ်းအချောသတ်နှင့်ပေါ့ပါးသောစက်မှု ကုန်ထုတ်နယ်မြေဖြစ်လာသည်။ တချိန်တည်းမှာပင် ကုန်သွယ်ရေးဖွံ့ဖြိုးမှုကြောင့် ထိန်ချူန်းတိုင်းရင်းသားလုပ်ငန်း၏ ဖွံ့ဖြိုးမှုကို ဆွဲတင်နိုင်ခဲ့သည်။ ၁၉၃၀ခုနှစ်တွင်“မင်ရန်ဆေးလိပ်ကုမ္ပဏီ”ကို တည်ထောင်ပြီးနောက် ချည်မျှင်နှင့်အထည်စက်ရုံ၊ မီးခြစ်စက်ရုံ၊ သားရေစက်ရုံ၊ ပုံနှိပ်စက်၊ လျှပ်စစ်စက်ရုံ၊ ဓာတ်ခဲစက်ရုံ၊ ဆပ်ပြာစက်ရုံ စသည်တို့ကို ဆက်လက်တည်ထောင်ခဲ့သည်။ တရုတ်သမိုင်းတွင် ထိန်ချူန်းက ကျောက်စိမ်းအချောကိုင်လုပ်ငန်းကိုလည်း ပထမဆုံးစတင်ခဲ့သည်။ ကျောက်စိမ်းအချောကိုင်အလုပ်ရုံ၊ ကျောက်စိမ်းလက်မှုဆရာ၊ ကျောက်စိမ်းပစ္စည်းအမြောက်အမြားတို့ကြောင့် ထိန်ချူန်းသည်အရှေ့တောင်အာရှ၏ နာမည်ကြီး ကျောက်စိမ်းပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာဖြစ်လာသည်။ ၁၉၃၉ခုနှစ် ထိန်ချူန်းခရိုင် တစ်ခုလုံး လူဦးရေ၃သိန်းရှိသည်။ “အရင်က စည်ကားသော ရတနာစုံလင်ဈေး၊ အရင်းရှင်ကုန်သည်များ ငွေထုပ်ပိုက်ပြီးလာ။” ဟူသောအဆိုကို ကြည့်ခြင်းဖြင့် ထိုခေတ်ထိန်ချူန်း၏ စည်းကားသိုက်မြိုက်ပုံကို သိနိုင်သည်။ ထို့ပြင်ကုန်သွယ်မှုကို နှစ်ရှည်လများ လုပ်ဆောင်လာခဲ့ရာ ထိန်ချူန်းလူအများအပြားက ပြည်ပသို့သွားရောက်ကာ စီးပွားရေးလုပ်ကိုင်ကြပြီး ကမ္ဘာအနှံ့တွင် နေထိုင်ကြသည်။ ထိန်ချူန်းကကမ္ဘာအနှံ့ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများနှင့် နီးကပ်သောကုန်သွယ်မှုများ ရှိပြီးအဆက်မပြတ်ချဲ့ထွင်နေသေးသည်။

          ထိန်ချူန်းသည် ယူနန်အနောက်ဘက် အစွန်နေရာတွင် တည်ရှိသည်။ ကူမင်းနှင့် ၇၆၀ကီလိုမီတာကွာဝေးသည်။ မြန်မာနိုင်ငံနှင့် တောတောင်ရေမြေထိဆက်နေသည်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားနှင့် ၂၁၇ကီလိုမီတာ ကွာဝေးသည်။ နိုင်ငံတော်နယ်နိမိတ်လိုင်း ၁၄၈.၀၇၅ ကီလိုမီတာရှည်လျားသည်။ ခရိုင်တွင်းအရှေ့နောက် ၆၉ကီလိုမီတာကျယ်ပြီး တောင်မြောက်၁၃၇ကီလိုမီတာ ရှည်သည်။ ဧရိယာ ၅၈၄၈စတုရန်းကီလိုမီတာရှိပြီး စိုက်ပျိုးမြေတရုတ်မူ ၁၃.၇၇၈သိန်းရှိသည်။ ခရိုင်တစ်ခုလုံး ကျေးရွာအုပ်စု၁၈စု(၂၀၀၁ခုနှစ်မတိုင်မီ ၂၂စု)၊ ရွာသူရွာသားကော်မတီ(နေထိုင်သူကော်မတီ)၂၂၄ဖွဲ့ ရှိသည်။ ရွာသူရွာသားအဖွဲ့ ၂၇၃၀ဖွဲ့ရှိသည်။ ၂၀၀၄ခုနှစ်ကုန် လူဦးရေ ၆.၁၆သိန်း၊ ခရိုင်တွင်း ဟွေ၊ရှမ်း၊ ဝ၊ လီဆူး၊ အချန်း စသောတိုင်းရင်းသားလူနည်းစု ၂၃စုရှိပြီး လူဦးရေ၏၆%ရှိသည်။၁၉၈၄ခုနှစ်တွင် ထိန်ချူန်းကို နိုင်ငံတော်အုပ်ချုပ်ရေးဌာနက ပြင်ပနှင့် ဆက်သွယ်သော ခရိုင်နှင့် ပြည်နယ်အဆင့် ပြင်ပနှင့်ဆက်သွယ်သောတံခါးပေါက်အဖြစ်၊ ၂၀၀၀ခုနှစ်တွင် ထိန်ချူန်းဟုတ်ချောင်တံခါးပေါက်ကို နိုင်ငံတော်အုပ်ချုပ်ရေးဌာနက ပြင်ပနှင့် ဆက်သွယ်သောနိုင်ငံတော် ပထမအဆင့် တံခါးပေါက်အဖြစ် ခွင့်ပြုခဲ့သည်။ ထိန်ချူန်းသည် ယူနန်ပြည်နယ်၏ နာမည်ကြီး နိုင်ငံခြားရောက်တရုတ်များ၏ ဇာတိဖြစ်သည်။ နိုင်ငံခြားရောက်တရုတ်များနှင့် ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ရောက်တရုတ် စုစုပေါင်း ၁သိန်း၂သောင်းရှိသည်။မြန်မာနိုင်ငံ၊ ထိုင်း၊ စင်္ကာပူ၊ ဂျပန်၊ ကနေတာ၊ ထိုင်ဝမ်၊ ဟောင်ကောင် စသည်ဖြစ် နိုင်ငံနှင့်ဒေသပေါင်း ၂၃ခုတွင် ပျံ့နှံ့နေသည်။

          ထိန်ချူန်းသည် အနောက်တောင် ပိုးထည်လမ်းကြောင်း၏ အချက်အခြာနေရာဖြစ်သောကြောင့် တချိန်က ယူနန်အနောက်ဘက်၏ နိုင်ငံရေး၊ စီပွားရေး၊ စစ်ရေး၊ ယဉ်ကျေးမှု ဗဟိုတစ်ခု ဖြစ်ခဲ့သည်။ ထိန်ချူန်းခရိုင်ကို “နယ်စွန်ပထမမြို့” အဖြစ်ခေါ်တွင်ခြင်းခံရသည်။ ခေတ်သစ်တွင် “မာကြားလီအရေး”၊ “ကန်းဖီတိစစ်ပွဲ”၊ “ထိန်ရက်ရှင့်ဟိုက်အရေးတော်ပုံ”နှင့် နာမည်ကြီး ယူနန်အနောက်ဘက် ဂျပန်တော်လှန်ရေးစစ်ပွဲ စသည့်ကြီးမားသော သမိုင်းဖြစ်ရပ် များဖြစ်ပွားခဲ့ဖူးသည်။ ထို့ကြောင့် ယဉ်ကျေးမှုအနည်ထိုင်ခြင်းထူထပ်သည်။ဘုရင်စနစ်၊ ပဒေသရာဇ်စနစ်ဆန့်ကျင်သော တော်လှန်ရေးထုံးတမ်းစဉ်လာများရှိခဲ့သည်။ထိန်ချူန်းနယ်မြေတွင် ရှင့်ဟိုက်တော်လှန်ရေးသမား လီကိန်းယွမ်၊ ကျန်းဝိန်ကွမ်း၊ နာမည်ကြီး မာ့စ်ဝါဒီ အိုက်စီးချီ၊ ယူနန်မြေအောက်ပါတီခေါင်းဆောင်──ရန်ချင်းထန် စသည့်တော်လှန်ရေးသမားများ၊ ကွန်မြူနစ်ဝါဒီတပ်သားများနှင့် စီးပွားရေးအရင်းရှင် ဝမ်ရှောက်ရန်၊ ဝူကျီချိန် စသော နာမည်ကြီးသူများကို မွေးထုတ်ပေးခဲ့သည်။ ရေကြောမြေကြောကောင်းသောကြောင့် လူတော်လူကောင်းများထွက်သည် ဟုဆိုနိုင်သည်။

 

အွန်လိုင်းမိတ်ဆွေ၏ဝေဖန်စာ

ဝေဖန်စာ၏စာသား:
【အွန်လိုင်းမိတ်ဆွေများ၏ ဝေဖန်မှုသည် ၎င်း၏ကိုယ်ပိုင်အမြင်ကို ဖော်ပြခြင်းသာဖြစ်သည်။ကျွန်ုပ် တို့ဝက်ဆိုက်မှ ၎င်း၏အမြင်ကိုသဘောတူခြင်း၊ ၎င်းပြောဆိုသည်များကို သက်သေလုပ်ပေးနေခြင်း မဟုတ်ပါ။】